May 11, 2008

May 07, 2008

နာဂစ်မုန်တိုင်းနှင့်ပတ်သတ်၍အရေးပေါ်ကြေညာချက်

Unknown | 8:47 AM |

၂၀၀၈ ခုနှစ်မေလ (၂) ရက်နေ့သောကြာနေ့ညပိုင်းမှစ၍ မြန်မာနိုင်ငံတွင်ဝင်ရောက်တိုက်ခိုက်ခဲ့သော နာဂစ်အမည် ရှိဆိုင်ကလုန်းမုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများနှင့် ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း ၊ ကရင်ပြည်နယ် မွန်ပြည်နယ်တို့တွင် ပျက်စီးဆုံး ရှုံးမှုကြီးမားခဲ့ပြီး လူအသေအပျောက်နှုံးမှာလည်းထိတ်လန့်တုန်လှုပ်ဖွယ်ရာအထိ ဖြစ်ခဲ့ရပါသည်။ လေမုန်တိုင်းတိုက်ရိုက်အတိုက်ခံရသည့်မြို့များဖြစ်သော ဘိုကလေးမြို့နယ်တွင် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သည်။ ဘိုကလေးမြို့နယ်တွင်၉၅%ခန့်ပျက်စီးဆုံးရှုံးခဲ့သည်လူဦးရေ၂၂၀၀၀(၆.၀၅.၂၀၀၈)နေ့အထိသေဆုံးပြီးလူဦးရေ(၅၀၀၀၀)ကျော်ပျောက်ဆုံးနေဆဲဖြစ်သည်။ ယခုကဲ့သို့လေမုန်တိုင်းတိုက်ခိုက်ခဲ့သည့် အတွက် ကုန်ဈေးနှုံးမှာ ၂ ဆ ၃ ဆ တက်လာခဲ့ပါပြီ ၊ အသားငါး ၊ လောင်စာဆီဈေးနှုံးတို့မှာလည်း အဆပေါင်းများ စွာတက်သဖြင့်လေမုန်တိုင်း ဒဏ်ခံခဲ့ရသောပြည်သူလူထုမှာစားဝတ်နေရေးအတွက် မကြုံစဖူးအခက်အခဲများနှင့်ကြုံတွေ့နေရပါ သည်။ မုန်တိုင်း ဒဏ်ကြောင့် ကျန်းမာရေး ၊ ဆက်သွယ်ရေး ၊ နေရေး ထိုင်ရေး ၊ လျှပ်စစ်မီးပြတ်တောက်မှု ၊သောက်သုံးရေ ပြတ်လပ်မှုနှင့် လုံခြံရေးအခက်အခဲများကိုစစ်အစိုးရ၏ စစ်တပ် ၊ ရဲ ၊မီးသတ် စသည်မည်သည့် အာဏာပိုင်အဖွဲ့အ စည်းများကမှ တစုံတရာ ဖြေရှုင်းပေးခြင်းများမရှိသေးပေ ။ သို့သော် စစ်အစိုးရမှ၎င်းတို့၏ စစ်တပ်အရာရှိများ နေထိုင်သော နေရာများနှင့် ဗိုလ်ချုပ်ရွာများတွင် စစ်သားများဝင်ရောက်၍ ပိတ်ဆို့နေသော သစ်ပင်များကိုရှင်းလင်းဖယ် ရှားပြီး လုံခြံရေးအ ပြည့်အ၀ယူထားခဲ့သည် ။ ကျန်နေရာများတွင် သက်ဆိုင်ရာရပ်ကွက်အလိုက် ပြည်သူလူထုမှ မိမိတို့လုံခြုံရေး ၊ စားဝတ်နေရေး ပြဿနာများကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့်ဖြေရှင်းနေရသည်။ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သော ပြည်နယ်နှင့်တိုင်း ဒေသများကို အာဏာပိုင်စစ်အစိုးရမှ သဘာဝဘေးဒဏ်ကျရောက်ခဲ့သော ဒေသများအဖြစ် ကြေငြာခဲ့သော်လည်း လက်တွေ့တွင်ယနေ့ထိ ထိရောက်သော အကူအညီများ ပေးခြင်းမရှိသေးပါ။ ယင်းသို့ သဘာဝဘေးဒဏ်ခံစားနေရသော ပြည်သူလူထုများအား အချိန်မီ အကူအညီများပေးရန်လိုအပ်နေပါသည်။ အထက်ပါပြည်သူလူထုခံစားနေရသော အခက်အခဲ အမျိုးမျိုးအားကျွန်ုပ်တို့လူထုတရပ်လုံး အတွက်စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့အနေနှင့် ပြည်သူလူထုနှင့် အတူအပြည့်အ၀ပူးပေါင်း ပါဝင်ကူညီနိုင်ရန် အတွက်မိမိတို့တက်နိုင်သည့်ဘက်မှ ၀ိုင်းဝန်းကူညီကြပါရန်အသိပေး အကြောင်းကြားပါသည်။ ကျွန်ုပ်တို့ အကောင်းဆုံးမြေသြဇာအဖွဲ့အနေဖြင့် ပြည်သူလူထုနှင့် လက်တွဲ၍ စားသောက်ကုန်နှင့် ကျန်းမာရေးကူညီစောင့်ရှောက်မှုများပေးခြင်း ဆေးဝါးများကို လှူဒါန်းပေးခြင်း စသည်တို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယင်းသို့ သဘာဝဘေးအန္တရာယ်ကပ် ဆိုးကြီးကျရောက်နေသော ပြည်သူလူထု၏အခက်အခဲအားကူညီနိုင်ရန်အတွက် ပြည်တွင်းပြည်ပမှ မျိုးချစ်မြန်မာများနှင့် နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှလည်း မိမိတို့တတ်နိုင်သလောက် ငွေအား၊ ပစ္စည်းအား ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ စစ်အစိုးရအနေနှင့်ပြည်သူလူထုရင်ဆိုင်နေရသောအ ခက်အခဲများအားအရင်မဖြေရှင်း ပဲလူထုဆန္ဒခံယူပွဲ အားအဓိကထား ဆက်လက်လုပ် ဆောင်နေပါသည် ။ ယင်းသို့လုပ်ဆောင်နေခြင်းကို မြန်မာပြည်လူထုတရပ်လုံးနှင့်အတူ ကျွန်ုပ်တို့အဖွဲ့မှ လူထုလှုပ်ရှားမှုများဖြင့် စစ်အာဏာရှင်အစိုးရအား ဘားတိုက်ပြန်ရောက်သည် အထိတိုက်ထုတ်သွားမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားသည်။

“မည်သည့်စစ်အာဏာရှင်မှ လူထုအား မအုပ်ချုပ်စေရ။”

လူထုတရပ်လုံးအတွက်စတေးခံ
အကောင်းဆုံးမြေသြဇာ

Continue reading ...

May 03, 2008

ဆန္ဒခံယူပွဲအား (၈၁)နာရီကြာ အစာငတ်ခံဆန္ဒပြခြင်း

Unknown | 11:34 AM |


စစ်အစိုးရမတရားပြုလုပ်သော ဆန္ဒခံယူပွဲအားထိုင်း-မြန်မာနယ်စပ်တနေရာတွင် အရှင်သြဘာသသည် အစာငတ်ခံဆန္ဒပြခဲ့သည်။ ယင်းသို့ဆန္ဒပြကန့်ကွက်ရခြင်းမှာ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲကိုကန့်ကွက်သည့်အနေဖြင့် ဘ၀နတ်ထံပြန်လွန်တော်မူသွားသော သာသနာ့ဥသျှောင်နာယက မစိုးရိမ်ဆရာတော် ဦးကောဝိဒအားဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဆရာတော်၏သက်တော် အတိုင်း ထိုင်းနိုင်ငံရှိ သာသနာ့ဥသျှောင်အဖွဲ့ဝင်အရှင်ဦးသြဘာသသည် ၃၀-၄-၂၀၀၈ ရက်နေ့ နေ့လည် (၁၂း၀၀)မှ (၃-၅-၂၀၀၈)ရက်နေ့(၉)နာရီထိ (၈၁)နာရီကြာဆန့်ကျင် ကန့်ကွက်အစာငတ်ခံဆန္ဒပြခဲ့သည်။
အရှင်ဦးသြဘာသသည် စက်တင်ဘာရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကြီးတွင် ဦးဆောင်သံဃာအနေဖြင့်ပါဝင်လှုပ်ရှားခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်တနေရာသို့ တိမ်းရှောင်လာသောသံဃာတပါးဖြစ်ပါသည်။







လုထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့(ပြည်ပ) မှ ပေးပို့သည်။
Continue reading ...

အဆုံးအဖြတ်တိုက်ပွဲကြေငြာချက်

Unknown | 1:59 AM |


ပြည်တွင်းလှုပ်ရှားမှုအဖွဲ့တစ်ခုမှ ပေးပို့သည်။
Continue reading ...

May 01, 2008

ထိုင်း-မြန်မာနယ်စပ် မေဒေးနေ့အခမ်းအနား

Unknown | 4:41 AM |


(၁၁၈)ကြိမ်မြောက် မေဒေးနေ့ကို ရောင်ခြည်ဦးအလုပ်သမားရုံးတွင်ရောင်ခြည်ဦး အလုပ်သမားအစည်းအရုံး(Y.C.O.W.A)၊လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(D.P.N.S)၊ မြန်မာအမျိုးသမီးသမဂ္ဂ(B.W.U)၊ရခိုင်အလုပ်သမားများသမဂ္ဂ(A.W.U)၊အဝေးရောက်ဧရာဝတီအသင်း(O.I.A) စသည့်အဖွဲ့အစည်းများပူးပေါင်း၍ ဆောင်ရွက်ကျင်းပခဲ့ပါသည်။

နိုင်ငံရေးအဖွဲ့အစည်းများနှင့်အလုပ်သမား(၄၀၀)ကျော် တက်ရောက်ခဲ့ပြီးတက်ရောက် လာသောအလုပ်သမားများအားမေဒေးနေ့ပေါ်ပေါက်လာပုံ မေဒေးစိတ်ဓါတ်ပြန့်ပွားရေး၊ မိမိအခွင့်အရေးကို မိမိကိုယ်တိုင်ကာကွယ်စောင့်ရှောက်ရေးနှင့် အလုပ်သမားသမဂ္ဂများ၏ လုပ်ဆောင်ချက်များအရေးပါပုံများအပြင်အမျိုးသမီးအခွင့်အရေးနှင့်သက်ဆိုင်သော ဟောပြောချက်များ စသည်တို့ကိုဟောပြောခဲ့သည်။ ထို့အပြင် လက်ကမ်းစာစောင်များ ကြေငြာချက်များကို၎င်းအဖွဲ့အစည်းများနှင့် ပြည်ပရောက်မြေသြဇာအဖွဲ့ဝင်များမှ ဖြန့်ဝေခဲ့ကြသည်။ တီရှပ်များ၊ ရေဒီယိုများကိုလည်း အလုပ်သမားထုအတွက် ကံစမ်းမဲများ ဖောက်၍ ဝေငှခဲ့သည်။















Continue reading ...

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub