December 27, 2010

ကဗျာဆရာ


အ၀ိဇ္ဖာအောက်
အမြိုက်ရေကြည်တစ်ပေါက်နဲ့ ခရီးဆက်
ခေတ်နဲ့ လောကဓံရဲ့ ရိုက်ပုတ်မှုကြောင့်
မြုတ်ချည် ပေါ်ချည် ဘ၀အလွမ်းအမောတွေ
ရင်နဲ့မဆန့်အောင် သယ်ဆောင်
လူငယ်ဘ၀ရဲ့ ခွန်အားနဲ့ ပျော်ရွှင်မှု
ပြန်မတွေးရဲလောက်အောင် ကုန်ခမ်းခဲ့ရ…။

တခါတရံ ဘ၀ကိုငြီးငွေ့မိတဲ့ထိ
နိဌာရုံတွေ နီးနီးကပ်ကပ် အော်ဟစ်နေလေရဲ့
နိုင်ငံရေး၊ အချစ်၊ ဘ၀ကိုချစ်တတ်လို့သာ
ပြောပြချင်ခဲ့…..
“ဘ၀ကို ငြီးငွေ့တာလောက် လူမဆန်တာမရှိဘူး…” လို့… ။

လူသားဟာ ဒုက္ခ ဗျာပါဒရောက်ရှိချိန်မှာ
ဆွံ့အနေပေမယ့် ငါ့မှာတော့
ခံစားရတာတွေ ဖော်ပြဖို့ ဘုရားပေးပါရမီရှိတယ်…။