August 17, 2009

လက်တလော

ကျနော့်ရဲ့ဘလော့ဘ်လေးကို အလည်လာကြသူများအားလုံးကို အထူးကျေးဇူးတင်ပါတယ် ကျနော်လည်း ပို့စ်အသစ်တင်မယ်ဆိုပြီး မတင်ဖြစ်တာ ကြာသွားတယ် ကျနော်လည်း ကိုယ့်စိတ်ကို စုစည်းလို့မရဖြစ်နေတယ် အခုတလော အာရုံတွေများနေတယ်လေ… ဘယ်လိုသံသရာတွေ ကွေးကောက်ခဲ့လို့လည်းမသိပါဘူး ခံစားမှုတွေ၊ ကြေကွဲမှုတွေ အစုံပါပဲ …။ ပို့စ်အသစ်တင်မှာပါ မပြီးဆုံးသေးတဲ့ ခရီးတွေအတွက် ဆက်လက်ချီတက်ရင်းပေါ့ အဆိုအမိန့်တခုလိုပေါ့ ဘ၀ဆိုတာ မြစ်တစင်းလိုပဲ ဘယ်တော့မှ ရပ်တန့်မသွားဘူး အမြဲတမ်းစီးဆင်းနေတယ်….။

6 comments:

  1. ဘဝဟာ မြစ်တစ်စင်းဆိုရင် ချစ်ခြင်းတွေနဲ့သာ စီးမျောသင့်တယ် ငါ့အကို
    မပြီးဆုံးသေးတဲ့ ခရီးတွေအတွက်
    အနီးဆုံးချစ်သူရဲ့လက်ကို ဆွဲကိုင်ပီး လျှောက်လှမ်းနိုင်ပါစေလို့
    ပြည့်စုံကြီးအတွက်

    ခင်တဲ့
    ပြည့်စုံလေး

    ReplyDelete
  2. ကိုပြည့်စုံရေ ဘာတွေဖြစ်နေလဲ။ အားလုံးအဆင်ပြေပါစေလို့ ဆုတောင်းပါတယ်။
    အစ်မ

    ReplyDelete
  3. သဘောကျတယ် ကိုပြည့်စုံရေ... မြစ်ကလေး မပြတ်စီးဆင်းမှုအတွက် လိုအပ်တဲ့ မိုးတွေ ရွာသွန်းဖြိုးဖို့တော့ လိုမယ်နော်။

    ကျေးဇူးတင်စွာဖြင့်

    yu ya

    ReplyDelete
  4. အစစအရာရာအဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ် ကိုပြည့်စုံရေ...

    အသစ်မရှိလည်း အရင်တုန်းကရေးထားတာတွေ မဖတ်ရသေးတာတွေရှိသေးလို့ ရှာဖတ်လို့ရပါတယ်။
    စိတ်ရော လူရော အဆင်ပြေမှပဲ စာပြန်ရေးပါ။

    ဘလော့ဂ်မိတ်ဆွေတွေရဲ့ တစ်ဦးအပေါ်တစ်ဦးခင်မင်လေးစားမှုကလည်း မြစ်တစင်းလိုပဲ ဘယ်တော့မှ ရပ်တန့်သွားမှာမဟုတ်ပါဘူး
    အမြဲတမ်းစီးဆင်းနေလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

    ReplyDelete

မိတ်ဆွေရဲ့ အမှတ်တရ မှတ်ချက်လေးအတွက် ကျေးဇူးအထူးတင်ရှိပါတယ်.. :)