July 07, 2009

လမ်းကျဉ်း

ကိုယ့်ကိုကိုယ် နေရာချနေရတာနဲ့
အချိန်တွေ ကုန်ခဲ့ပေါ့….
သောကမကင်းတဲ့မျက်နှာတွေက ငပေလို အသေလို
ဘ၀ ဘ၀တွေ ရှုသွင်း
ဘ၀ ဘ၀တွေ ပြန်ထုတ်
အဲဒါကလည်း နေ့စဉ်အလုပ်
အများကြီးမဖြစ်ချင်တဲ့ကောင်က
အများဖြစ်ချင်တာတွေလုပ်
ငါ့စိတ်တွေ ငါ့ကို
ပြန်ပြန်ညစ်နေလေရဲ့
မနက်ဖြန်တွေရဲ့ မနက်ဖြန်တွေမှာ
ဖိနပ်မခိုင်လို့တော့မဖြစ်ဘူး
လျှောက်နေတဲ့လမ်းက နည်းနည်းတော့ကြမ်းတယ်…။


နေနေ(နို့ဖိုးစခန်း)

7 comments:

  1. လမ်းကျဉ်း
    လမ်းကြမ်း
    လမ်းရှုပ်
    ကျဉ်းကြပ်မှုတွေ မြင်တွေ့လိုက်ရသလိုပဲ

    ReplyDelete
  2. မနက်ဖြန်ရဲ့ မနက်ဖြန်တွေမှာ ဖိနပ်မခိုင်လို့ မဖြစ်ဘူး။ လျှောက်နေတဲ့လမ်းက နည်းနည်းတော့ ကြမ်းတယ်။ အဲ့စာသားကို အရမ်းကြိုက်တယ် မှန်တယ်။ ဖိနပ်ခိုင်မှဖြစ်မယ်။ အနည်းဆုံးချိတ်တော့ဆောင်ထားမှ အဟိ။
    ခင်မင်လေးစားလျှက်
    ညီမလေး ပါးလုံး

    ReplyDelete
  3. ငနေရေ ! မင်းဘာတွေခံစားနေရတယ်ဆိုတာ ငါတို့သူငယ်ချင်းတွေအားလုံးသိတယ် .....အသက်ကိုဖည်ူးဖည်းပဲရှူပါတော့ကွာ.. (မင်းရဲ့သူငယ်ချင်းအဟောင်းကြီးများ)

    ReplyDelete
  4. :)..အများကြီးမဖြစ်ချင်တဲ့ကောင်က အများဖြစ်ချင်တာတွေလုပ် တဲ့...လှလိုက်တဲ့
    ရေးကွက်လေး။....ညီမထင်ပါတယ်...ကိုဖြစ်
    ချင်တာထက် အများလိုအပ်တာကို ဦးစားပေး
    နေတဲ့ အစ်ကို လမ်းကျဉ်းလေးထဲက လမ်း
    ကြမ်းကြမ်းမှာလျှောက်နေရသေးပေမဲ့ လမ်းကူး
    နဲ့ လမ်းဆုံးတစ်နေ့ မှာ အကောင်းဆုံးသော
    ဖြောင့်ဖြောင့်ဖြူးဖြူးလမ်းကျယ်ကျယ် ကိုတွေ့ 
    မှာပါ။ :)..အားတင်းထား။ :)

    ReplyDelete
  5. ဘ၀ ဘ၀တွေ ရှုသွင်း
    ဘ၀ ဘ၀တွေ ပြန်ထုတ်
    အဲဒါကလည်း နေ့စဉ်အလုပ်.....

    ဟုတ်တယ်ဗျာ..အဲ့ဒါတ္ဂေနဲ့ နေ၀င်နေထ္ဂက်ချိန်တ္ဂေ မရေနိုင်တော့ဘူးနော်....
    ပျော်ပါစေခင်ဗျာ

    ReplyDelete

မိတ်ဆွေရဲ့ အမှတ်တရ မှတ်ချက်လေးအတွက် ကျေးဇူးအထူးတင်ရှိပါတယ်.. :)