June 23, 2009

အစာပြေ

“ ညီမလေးရေ ကိုကြီးခွေးကလေးကို ရေချိုးပေးမလို့ ကင်မရီဆပ်ပြာ
အသစ်တစ်ခဲယူလာ ပေးစမ်းဟေ့ ”
“ညီမလေး မအားသေးဘူး ကိုကြီး ကြက်ကောင်လုံးကြော် ကြော်နေတယ်။ ညနေစာအတွက်ရော လေးကောင်တောင် ကြော်နေရတယ်၊”
“အေး သားတို့သမီးတို့ အဲဒီလို အလုပ်ရှုပ်နေကြရင် ဖေဖေမစောင့်နိုင်တော့ဘူး။ ပရာဒိုတစ်စီးဝယ်မလို့ ချိန်းထားတဲ့လူနဲ့လွဲသွားလိမ့်မယ်၊ အမေကြီးရေ ကိုယ် လစ်မစ်တက် ယူသွားမယ်။ မင်းတို့မာ့စ်တူးနဲ့သွားကြ”
“ဖေကြီး သားငယ်ဖို့ ဘတ်တာကိတ် ၀ယ်လာနော်”
“ဟင့်အင်း မီးငယ် ဘတ်တာကိတ်မကြိုက်ဘူး ဖေကြီး။ ဂျေဒိုးနတ်ကိတ် ၀ယ်လာပေးပါ။ အဟိ”
“သားတို့သမီးတို့ကလည်းကွယ် အိမ်မှာ ရွှေပုဇွန်တွေရော။ ဂျမ်ဘိုထုပ်တွေရော ရှိသေးတာ။ ဟက်ပီးဝေါရောက်ရင်လည်း မေမေက ကြိုက်တာကျွေးအုံးမှာ။ ဖေကြီးကို မှာမနေကြနဲ့လေ”
“ဟဲ့ ဒီသားအမိ။ သားအဖတွေ သူများအိမ်က တီဗွီသွားသွားကြည့်ပြီး ကြားဖူးနားဝနဲ့ဘာတွေအရူးထနေကြတာလဲ ဒေါ်ကြီးကိုတော့ဘယ်သူမှ လာမကူကြဘူး။ ထမင်းတစ်အိုး။ ကန်စွန်းရွက်ကြော်၊ ငါးပိရည်ကျို၊ အားလုံးပြီးပြီ ထမင်းစားမယ်လာကြ”


ငြိမ်း (ရွှေလီ)
(ကလျာ။ ၂၀၀၀ ပြည့်နှစ်။ ဒီဇင်ဘာ) မှကူးယူဖော်ပြသည်။

11 comments:

  1. ပြည့်စုံရေ
    တကယ်စားချင်နေတာ ထမင်းတစ်အိုး။ ကန်စွန်းရွက်ကြော်၊ ငါးပိရည်ကျို၊ ဟေ့။ဘာနဲ့မှ မလဲနိုင်ဘူးဟေ့။ တကယ်ပြောတာ ။ပြောရင်းတောင်စားချင်လာပြီ။ နင်လုပ်လို့ လျှော်ပေး။ဒါဘဲ ။ဟွန်းးး
    ခင်တဲ့
    မေလေး

    ReplyDelete
  2. ရန်တွေ့မလို့ တခေါက်ထပ်ရေးတယ်.ပြောတော့ခင်တယ်တဲ့။နင့်စာရင်းထဲံ နာ့လဲပါဘူးးးးးးးဟွန်းးးးးပြန်ပြီ

    ReplyDelete
  3. ဟုတ်တယ်နော် မြန်မာအစားအစာကို ဘာနဲ့မှ မလဲနိုင်ဘူး :D

    ပြောရင်နဲ့ ဗိုက်တောင်ဆာလာပြီ
    မြန်မာဆိုင်သွားပြီး ငါးပိရည်နဲ့တို့စရာ ၀ယ်လိုက်ဦးမယ်း)

    ReplyDelete
  4. အစ်မတို့မောင်နှစ်မတွေ ငယ်ငယ်က ကစားနေကျ လေ အဲ့နည်းက သတိရတယ်..အိမ်ကို

    ReplyDelete
  5. မီးချစ် တို့ လဲ ဒါမျိုး နောက်ဘူးတယ်..
    ဒီစာစု ထဲမှာ တော့ ရသလေး တခုပါတယ် နော်..

    ReplyDelete
  6. မိုက်တယ်ဟေ့
    ဖြစ်ချင်တာတွေ အားရပါးရသာ ပြောပစ်လိုက် .
    ပါးစပ် အရသာခံရလည်း မနဲ ပါဘူး။

    ကြိုက်တယ် ။ အတွေးလေးတွေ ကို

    ခင်မင်လျှက်
    ကိကိ

    ReplyDelete
  7. ကောင်းလိုက်တဲ့ အတွေးလေး

    ReplyDelete

မိတ်ဆွေရဲ့ အမှတ်တရ မှတ်ချက်လေးအတွက် ကျေးဇူးအထူးတင်ရှိပါတယ်.. :)