June 14, 2009

အဖေများနေ့



အဖေ မရှိတော့ပေမယ့် အဖေက သားရင်ထဲ အမြဲရှင်သန်နေပါတယ်…အဖေသားတို့ကို အပြီးအပိုင်ခွဲခွာသွားတာ ဒီနေ့ဆို ၂ လနဲ့ ၉ ရက်ရှိပြီနော်… တချို့တွေကပြောကြတယ်. အဖေဆိုတာ သမီးတွေကို ပိုချစ်တယ်ပြောကြတယ်… ဒါပေမယ့် အဖေက သားကိုပိုချစ်တယ်နော်…
အဖေ … နောင်ဘ၀ဆိုတာ ရှိခဲ့ရင် ပြန်ဆုံပါရစေအဖေ… သားလေ လူတွေအကြောင်းကို သိသင့်သလောက်သိနေပြီ… အဖေ့ကိုပြောပြချင်တယ်ဗျာ….။

အဖေ… ကောင်းရာသုဂတိလားပါစေ….

ရောက်ရာဘုံဘ၀ကနေ သာဓုခေါ်သံကြားနိုင်ပါစေ…..

7 comments:

  1. မာတာပီတုဥပဌာနံ......
    ပီတု..ဖခင်ဟူသော အနန္တော၏ ဂုဏ်ကျေဇူးသည်ကား..
    ကုန်ပေလေစေ
    ဖေဖေ့ ငွေနဲ့ ထွေထွေတတ်ကောင်း
    သင်တို့ ကျောင်းဝယ် တတ်အောင်သာကွယ် အားမငယ်နှင့်
    လောကဓံထဲတိုးဝင်နွဲဖို့  လေးမျှားပမာ
    မြတ်ပညာပေးတဲ့အပြင် ...
    နေရေး စားဝတ် မယွင်းချွတ်တမ်း
    သူဆင်လွမ်းခဲ့...

    လမ်းကန္တာနွေမှာ စမ်းတံတျာရေစီးသကဲ့သို့ 
    တမ်းတရသည့်မေတ္တာ ရေကြည်ချမ်းမြ
    အနန္ဒလျှင် ဆင်ခြင်မပြတ် ပွါးလတ်သောခါ
    ဖခင်ကျေးဇူး အထူးဆပ်ရာ ကျလေပါ၏ ။

    ReplyDelete
  2. မောင်လေး ဖေဖေ ရောက်ရာ ဘုံဘ၀မှ သာဓုခေါ်နိုင်ပါစေလို့

    မရောင်ဆုတောင်းပေးပါတယ်။

    ReplyDelete
  3. ကိုပြည့်စုံရေ
    တောင်းတဲ့ဆုတွေပြည့်ဝပါစေနော်
    ခင်တဲ့
    မေလေး

    ReplyDelete
  4. သားပို့တဲ့မေတ္တာနဲ့ အဖေ ကောင်းရာဘုံဘ၀မှာအေးချမ်းနိုင်ပါစေရှင်

    ReplyDelete
  5. ညီမ ဖေဖေဆုံးသွားတာလဲ ၇နှစ်ရှိပါပြီ...ထပ်တူထပ်မျှ ခံစားပေးခဲ့ပါတယ်..အကိုရေ

    ReplyDelete
  6. နောက်ကျပြန်ပီ ..း(
    ကိုယ့်ရင်ထဲမှာ ရှင်သန်နေဖို့ အရေးကြီးပါတယ်နော်
    အဆင်ပြေ ပျော်ရွှင်ပါစေ ..

    ReplyDelete

မိတ်ဆွေရဲ့ အမှတ်တရ မှတ်ချက်လေးအတွက် ကျေးဇူးအထူးတင်ရှိပါတယ်.. :)