April 01, 2009

ရွေ့လျားတန်းဖိုး

တရွေ့ရွေ့နဲ့ ထွက်ခွာသွားတဲ့
နူပျိုမှုတွေကို
တဖြည်းဖြည်းချင်းကပ်လာတဲ့
အိုမင်းမှုတွေက
နှုတ်မဆက်အားဘူး
အချိန်နောက်ကျခြင်းနဲ့ စောသွားခြင်းရဲ့ကြားမှာ
တိကျမှုတော့ရှိရမယ်….။

လုပ်ပြီးခဲ့သမျှတွေထဲက
နောင်တတွေကိုနံပါတ်တတ်
တစ်ရာမှ မပြည့်သေးတာပဲ…။

မတရားဈေးနဲ့ ရထားတဲ့လွတ်လပ်မှုတွေက
နောင်တချိန် အဖိုးတန်ကောင်းပါရဲ့…
ဥတုသုံးလီကို
ကိုယ်၊ စိတ်၊ နှလုံး သုံးပါးနဲ့
(÷) စားကြည့်တဲ့အခါ အရသာမရှိတဲ့ သုညလိုအကောင်ဟာ
ဘယ်သူရှိအုံးမလဲ…။

အဲဒါနဲ့ပဲ…
ကျနော့်အစ်ကိုပြောတဲ့ အေးစက်နေတဲ့ အညံ့စားကော်ဖီတစ်ခွက်ကို
သောက်ချလိုက်တယ်…။



မှတ်ချက်။ ။ ကိုချိုတူးရဲ့ အညံ့စားကော်ဖီ

နေနေ(နို့ဖိုး-စခန်း)

8 comments:

  1. တကယ် ကြိုက်နှစ်သက်မိပါတယ်။
    ကဗျာလေး လွှတ်ကောင်းတယ်။

    ”အချိန်နောက်ကျခြင်းနဲ့ စောသွားခြင်းရဲ့ကြားမှာ
    တိကျမှုတော့ရှိရမယ်….။

    လုပ်ပြီးခဲ့သမျှတွေထဲက
    နောင်တတွေကိုနံပါတ်တတ်
    တစ်ရာမှ မပြည့်သေးတာပဲ…။”

    ReplyDelete
  2. ကဗျာလေးကောင်းတယ်--
    ၁၀၀ မပြည့်သေးဘူး--?

    ReplyDelete
  3. ကော်ဖီဆို ဘာကော်ဖီမှမကြိုက်ဘူး။ ခါးလို့။ မတရားဈေးနဲ့ရတဲ့ လွတ်လပ်မှုတွေကိုလည်း နောင်တချိန်ပြန်ရောင်းလို့ရရင်တောင် မလိုချင်ဘူး။ ဒါပေမယ့်လည်း.....။

    ReplyDelete
  4. လုပ်ပြီးခဲ့သမျှတွေထဲက
    နောင်တတွေကိုနံပါတ်တတ်
    တစ်ရာမှ မပြည့်သေးတာပဲ...

    မှန်တယ်ထင်လို့လုပ်ရင်းနဲံ့ မှားသွားခဲ့တာတွေအတွက် ဆိုရင်တော့ လုံးဝနောင်တမရမိစေနဲ့ ညီလေးရေ

    အကိုပြောပြောနေတဲ့ ကော်ဖီကိုပဲ ကြိုက်နေတယ်ပေါ့လေ

    ReplyDelete
  5. လုပ်ပြီးခဲ့သမျှတွေထဲက
    နောင်တတွေကိုနံပါတ်တတ်
    တစ်ရာမှ မပြည့်သေးတာပဲ…။”
    ဟုတ်တယ်မပြည့်သေးဘူး..အများကြီးကျန်သေးတယ်..
    ပျော်ရွှင်ပါစေ..အကို

    ReplyDelete
  6. ရှယ်ပဲဗျာ... တကယ်မိုက်တယ်။ခံစာချက်တွေပြင်းထန် သလို
    အရေးအသားလဲ ထိမိပါပေါ့ဗျာ.။

    ReplyDelete

မိတ်ဆွေရဲ့ အမှတ်တရ မှတ်ချက်လေးအတွက် ကျေးဇူးအထူးတင်ရှိပါတယ်.. :)