August 23, 2008

ရာစုသစ်

မေခလာကို မမျှော်ပါနဲ့
ဇနက္ကလို ပင်လယ်ကို လက်ပစ်ကူး
အရှေ့ဆီမှာ ရောင်နီသန်းလာပြီ
ခါးသီးမှုတွေ အမှောင်ထုထဲ ထားခဲ့ပါ….။

သားကောင်အဖြစ်
ဖျက်ဆီးနှိပ်စက်ခံနေရတာကို ဂုဏ်မယူကြပါနဲ့
အမှန်တရားကို လတ်ဆတ်အောင် တည်ဆောက်ကြပါ…။

သူငယ်ချင်း
တို့တွေဟာ အနာဂတ်ရဲ့ ကြယ်စင်….
လွတ်လွတ်ကျွတ်ကျွတ် စီးဆင်းနေတဲ့မြစ်တွေပဲ…။

စိတ်ဓါတ်တွေကို ဒိုင်းအဖြစ်ကာရံလို့
ဟောဒီ ခေတ်ကြီးကို
ဒုန်း ခနဲ တွန်းဖွင့်လိုက်ရင်
ဝုန်း ခနဲဆို ရွေ့လျားသွားမှာ…..။

7 comments:

  1. ဆီဘောက်စ်မှာ ခင်လို့နောက်ထားပါ ... ကဗျာလေး ကောင်းတယ် ကိုပြည့်စုံရေ ... မယိုင်မလဲ ခိုင်မြဲတဲ့စိတ်ဓါတ်တွေနဲ့ ရာစုသစ်ရဲ့ တံခါးတွေကို တွန်းဖွင့်ကြတာပေါ့။

    ReplyDelete
  2. bro loe ka byar doy yae dat chin dae byar

    ReplyDelete
  3. ဒီကဗျာလေးလဲ သဘောကျတယ်ဗျို့

    ReplyDelete

မိတ်ဆွေရဲ့ အမှတ်တရ မှတ်ချက်လေးအတွက် ကျေးဇူးအထူးတင်ရှိပါတယ်.. :)