August 07, 2008

ထိုးစစ် ထိုးရန်အချိန်ရောက်ပြီ…

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအား `၈´လေးလုံးအရေးတော်ပုံကြီးဖြင့် တိုက်ခဲ့၏။ မဆလသည် ရပ်၊ကျေးမှ နိုင်ငံတော်ကောင်စီအထိ အုပ်ချုပ်ရေးအား ချထားခဲ့၏။ တပ်အား လက်ကိုင်ဒုတ်တပ်အဖြစ် တည်ဆောက်၏။ ဖိနှိပ်ရေးယန္တရားများအား ချဲ့၏။ ဤသို့နှင့်(၂၆)နှစ်ကြာခဲ့သည်။ သဘောတရားအားဖောက်ပြန်သူတို့နှင့် တည်ဆောက်၏။ စစ်အေးအခင်းအကျင်းအတွင်း နိုင်ငံတကာဆက်ဆံရေး `ရေစီး´တွင်ခေါင်းဖော်၍ မျောနိုင်ခဲ့၏။ သို့သော်…. ၁၉၈၈ ခုနှစ် သြဂုတ်(၈)ရက်နေ့တွင်မူပြိုတော့၏။ နေ၀င်းနေ၀င်ချိန်….။ သြဂုတ်လသည်… မဆလ၏ နောက်ဆုံးနေ့များဖြစ်ခဲ့၏။

ယနေ့ကာလသည် `၈၈´နှင့်မတူ စစ်အုပ်စုအတွင်း ယုံကြည်မှုကင်းမဲ့ခြင်းဖြစ်သည်။ ဗိုလ်သန်းရွှေက ကျန်ဗိုလ်ချုပ်များအပေါ်မယုံ။ ရဲဘော်က အရာရှိကိုမယုံ…။ တပ်မတော်ကြည်းက တပ်မတော်လေကို မယုံ…။ ဤသို့နှင့် ဖြုတ်ထုတ် တက်အခြေအနေဖြစ်နေသည်။ တပ်တွင်းအကျိုးအစီးပွားကွာဟမှုက ကြီးမားလွန်းလှသည်။ ရဲဘော်တစ်ဦှးနှင့် ဗိုလ်ကြီးတစ်ယောက်၏ ဘ၀အခြေအနေကား နှိုင်းယှဉ်၍ကိုမရ….။ ယခု… နေပြည်တော်တပ်က လက်ဇောင်းထက်လာသည်။ ပြည်သူအပေါ်နှင့် အခြားတပ်များအပေါ်တွင်…. ၎င်းတို့သည် ဗိုလ်သန်းရွှေ၏ လက်ကိုင်ဒုတ်တပ်ဖြစ်သည်။ နိုင်ငံတကာအခင်းအကျင်းသစ်သည် နအဖအား စစ်အေးခေတ်က မဆလအားပေးခဲ့သည့် အခွင့်အရေးမျိုးပေးရန်မရှိ။ ၀ါဒသဘောတရားအရ ဆက်ဆံရေးမဟုတ် ၊ အကျိုးစီးပွားရေးအရ ဆက်ဆံနေကြသည်။ မနက်ဖြန် နအဖနှင့် ဆက်ဆံရာတွင် အကျိုးမရှိဆိုလျှင်၊ ဒီနေ့… ဆက်ဆံတော့မည်မဟုတ်… ရှင်းသည်။ အခြေခံစားသောက်ကုန်ဈေးနှုံးကလည်း တစထက် တစတက်တက်သွားသည်။ ဤသို့ အခြေအနေတွင် စစ်တပ်အတွက် အခွန်အကောက်တွေ ကောက်နေကြတယ်။ ပြည်သူတို့၏ ပန်းကန်ထဲမှ ထမင်းလုတ်အား စစ်တပ်မှလာ၍ လုနေပြီ။ ချမ်းသာသူလည်း မသက်သာ….။ ခံနေရတယ်…။ ပြည်သူတို့အဖို့ `ဆုတ်´ရန်နေရာမရှိတော့….။ စစ်အာဏာရှင်တို့အား ရှေ့တိုး၍ တိုက်ရန်သာ ရှိပါတော့သည်။
ထို့ကြောင့် …. `စစ်အုပ်စုအား ထိုးစစ် ထိုးရန်အချိန်ရောက်နေပြီ´

၈ လေးလုံး စိတ်ဓါတ်မြှင့်တင်ကြ....
၈ လေးလုံး စိတ်ဓါတ် မွေးမြူကြ....


ပြည့်စုံ

4 comments:

  1. အတိုက်အခံတွေအားလုံးဟာသူတဗိုလ်ငါတမင်းနဲ့
    တဦးကိုတဦးထိုးဆိတ်နေကြပြီး စည်းလုံးညီညွတ်ခြင်း
    မရှိသမျှ ။ အတွေးအခေါ်မတူသော်လည်း ဘုံရန်သူကို
    တိုက်ရန်တပ်ပေါင်းစုမဖွဲ့ နိုင်သမျှကာလပတ်လုံးပန်းတိုင်
    နဲ့အလှမ်းဝေးနေလိမ့်မယ်လို့ မြင်မိပါတယ်။
    လူထုကတော့ ၉၀ ရွေးကောက်ပွဲမှာ တာဝန်ကျေခဲ့ပါပြီ။

    ReplyDelete

မိတ်ဆွေရဲ့ အမှတ်တရ မှတ်ချက်လေးအတွက် ကျေးဇူးအထူးတင်ရှိပါတယ်.. :)