October 27, 2007

မြန်မာစစ်တပ်က တိုင်းရင်းသားကျေးရွာများအား ဆက်လက်တိုက်ခိုက်ဖျက်ဆီးနေ



မြန်မာစစ်အစိုးရတပ်တွေက တိုင်းရင်းသားလူနည်းစုတွေနေထိုင်ရာ ကျေးရွာတွေကို တိုက်ခိုက်ဖျက်ဆီး နေတဲ့အတွက် မြန်မာနိုင်ငံမှာ လူမှုဘေးဒုက္ခဆိုက်ရောက်တဲ့အခြေအနေတရပ်ဖြစ်ပေါ်လာ ကြောင်း လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက အောက်တိုဘာလ (၂၅)ရက်နေ့က ပြောဆိုလိုက်ပါသည်။
မြန်မာစစ်တပ်တွေက တိုင်းရင်းသားလူမျိုးစုရွာတွေကို ဆက်လက်တိုက်ခိုက်ဖျက်ဆီးနေဆဲဖြစ်ကြောင်းနဲ့၊ အထူးသဖြင့် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေ၊ လမ်းဖောက်လုပ်တဲ့ လုပ်ငန်းတွေ၊ ရွှေနဲ့ သတ္တုတူး ဖော်ရေးလုပ် ငန်းတွေ၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေးနဲ့ ဆည်ဆောက်လုပ်ရေးလုပ်ငန်းတွေစတဲ့ စစ်အစိုးရစီမံကိန်း တွေရှိရာ နေရာတွေမှာ လုပ်ဆောင်နေတာဖြစ်ကြောင်း လူ့အခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ထုတ်ပြန်ကြေညာချက် မှာဖေါ်ပြထားပါသည်။

ထိုင်းမြန်မာနယ်စပ်ဒုက္ခသည်စောင့်ရှောက်ရေးအဖွဲ့ကြီးဖြစ်တဲ့ TBBC အဖွဲ့ကြီးရဲ့ စာရင်းတွေအရ ၂၀၀၇ ခုနှစ် နှစ်လည်ပိုင်းအထိ ရွာတွေတိုက်ခိုက်ဖျက်ဆီးခံရလို့ ပြည်တွင်းအိုးအိမ်မဲ့ဒုက္ခသည်ဖြစ်ရသူအရေအတွက်သည် မြန်မာနိုင်ငံ အရှေ့ဖက်ခြမ်းတစ်ခုတည်းတင် ၅သိန်းကျော်ရှိပြီး အထူးသဖြင့် ကရင်ပြည်နယ်အတွင်းမှာ ဖြစ်ပါသည်။
အဲဒီဒုက္ခသည်စခန်းတွေထဲက တသိန်းလောက်ဟာ စစ်အစိုးရထိန်းချုပ်ထားတဲ့ဒေသအတွင်းတောတောင်တွေ ထဲလှည့်လည်ပုန်းအောင်းနေရပြီး တသိန်းကျော်လောက်ဟာ စစ်အစိုးရရဲ့ ရွေ့ပြောင်းရွာတွေမှာ ရောက်ရှိနေ ကြောင်းကျန်တဲ့ ၃သိန်းလောက်ဟာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်ထားတဲ့ တိုင်းရင်းသားနယ် မြေတွေမှာ ခိုအောင်းနေကြရကြောင်း အခုလို စစ်အစိုးရက တိုင်းရင်းသားကျေးရွာတွေကို တိုက်ခိုက်ဖျက်ဆီးတာတွေ၊ ပြီးခဲ့တဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တာတွေကြောင့် နယ်စပ်ဒေသတွေကို ထွက်ပြေးရောက်လာ သူတွေလည်း ရှိနေကြောင်း၊ ဒီကိစ္စနဲ့ ပတ်သတ်ပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က တာဝန်ရှိသူတဦး ဖြစ်တဲ့ မစ္စတာတွမ်မလင်နော့်စတီးက ပြောကြားခဲ့ပါသည်။
တိုင်းရင်းသားလူနည်းစုတွေနေတဲ့ ဒေသတွေမှာ မြန်မာစစ်အစိုးရတပ်တွေက အကြီးအကျယ် လူ့အခွင့်အရေးချိုးဖောက်နေတဲ့ သတင်းတွေကို ကျနော်တို့ ဆက်လက်စုဆောင်းရရှိနေပါတယ်။ ဒါဟာ စိုးရိမ်စရာ အခြေအနေဖြစ်ပါတယ်ဆိုတာ မမေ့ကြဖို့၊ စစ်အစိုးရဟာ အပြောနဲ့ အလုပ်တခြားစီပါပဲ၊ ရွာတွေကို တိုက်ခိုက်ဖျက်ဆီးနေပြီး၊ လူတွေ သူတို့ရွာတွေကနေ ထွက်ပြေးနေကြရတယ်၊ အမျိုးသမီးတွေလည်း မုဒိန်းကျင့်ခံနေရတဲ့ အချိန်မျိုးမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ၊ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ရပ်ဆိုတာ ဘာမှမရှိဘူးလို့ မစ္စတာတွမ်မလင်နော့စကီးက ပြောကြားသွားခဲ့ ပါသည်။

No comments:

Post a Comment

မိတ်ဆွေရဲ့ အမှတ်တရ မှတ်ချက်လေးအတွက် ကျေးဇူးအထူးတင်ရှိပါတယ်.. :)