October 18, 2009

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ (၄၇) နှစ်မြောက် မွေးနေ့ အမှတ်တရ

Unknown | 4:36 AM | | |
ကျတော်တို့က ဒီမိုကရေစီဖြစ်ပေါ်ပြောင်းလဲမှုကိုဘဲ တောင့်တတယ်။ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်နိုင်တဲ့ ငြိမ်းချမ်းသောနည်းကိုပဲ ကျတော်တို့ ရွေးချယ်မှာ ဖြစ်တယ်။



ဖခင် ဦးသက်ညွန့် (ပန်းချီဆရာကြီး)နှင့် မိခင် ဒေါ်လှကြည်တို့မှ ၁၉၆၂ ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့တွင်ရန်ကုန်မြို့တွင်မွေးဖွားခဲ့ပြီး မွေးချင်း(၅)ယောက်အနက် တတိယယောက်မြောက်သားဖြစ်သည်။ သင်္ကန်းကျွန်းမြို့နယ် အထက်တန်းကျောင်းတွင်တက်ရောက်ခဲ့ပြီး ၁၉၈၈ ခုနှစ်ကာလတွင် ရန်ကုန်တက္ကသိုလ်(ပင်မ)တွင် သတ္တဗေဒကျောင်းသားအဖြစ်ပညာသင်ကြားခဲ့ပြီး၊ ၁၉၈၈ ခုနှစ်သြဂုတ်လ (၂၈)ရက်နေ့မှာ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ `ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်`တွင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၈၉ ခုနှစ် မတ်လ(၂၃)ရက်နေ့တွင် စစ်အစိုးရရဲ့ အဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် အနှစ်(၂၀)ကျခံခဲ့ရသည်။ ၂၀၀၄ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် စစ်တွေအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ပြီး ' ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့'ခေါင်းဆောင်အဖြစ် ဒီမိုကရေစီအရေးတွင် ဆက်လက်လှုပ်ရှားခဲ့သည်။ ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ဒုတိယအကြိမ် ပြန်လည်အဖမ်းခံရပြီး ၂၀၀၇ ဇန်န၀ါရီလ(၁၁)ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာပြီး စစ်အာဏာပိုင်တို့မှ လောင်စာဆီမြှင့်တက်မှုကြောင့် ၈၈ မျိုးဆက်ကျောင်းသားများနှင့်အတူ လမ်းလျှောက်ဆန္ဒပြခဲ့မှုဖြင့် ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ညတွင် တတိယအကြိမ် ထပ်မံဖမ်းဆီးခံခဲ့ရပြန်သည်။ ယခုအခါ စစ်အာဏာပိုင်များ၏ ကျိုင်းတုံအကျဉ်းထောင်ထဲတွင် ထောင်ဒဏ် (၆၅)နှစ်ကျခံနေသည်။ ဒီမိုကရေစီရေးအတွက် သက်စွန့်ကြိုးပမ်း အလုပ်တွေလုပ်ခဲ့တဲ့အတွက် ကိုမင်းကိုနိုင်ရရှိခဲ့တဲ့ဆုတွေက….

(၁) The John Humphrey Freedom Award(Canada) in 1999
(၂) The Student Peace Prize in 2001
(၃) The Homo Homini Award by People in Need Foundation in 2001
(၄) The civil Courage Prize 2005
(၅) The Gwangju Human Rights Award of South Korea in April 2009

ကိုမင်းကိုနိုင်ဟာ အကျဉ်းထောင်ထဲမှာ ကျခံနေရပေမယ့် စစ်အာရှင်စနစ်ကို ဆန့်ကျင်နေစဲ၊ ဒီမိုကရေစီကို တောင်းဆိုနေစဲပါ….။

ကိုမင်းကိုနိုင်ပြောဆိုခဲ့သော ပြောကြားချက်များအား စုစည်းဖေါ်ပြအပ်ပါသည်။

5 comments:

Anonymous said...

ကိုပြည့်စုံ
ကိုကြိးမင်းကိုနိုင် ( ၄၇ )နှစ်မြောက်မွေး နေ့မှစပြီးမတားရားတဲ့အချုပ်အနှောင်ကနေ လွတ်မြောက်ပါစေ လို့ ဆုတောင်းပါတယ်
ဒီလို သတိတရ အမှတ်တရ ရှိနေခဲ့တဲ့
ကိုပြည့်စုံကိုလည်း ကျေးဇူးတင်တယ်

ခြေလှမ်းသစ် said...

ကိုမင်းကိုနိုင်၏ ဤ (၄၇) နှစ်မြောက်မွေးနေ့မှသည် စစ်အာဏာရှင်များကို အပြီးသတ်အောင်နိုင်၍ စစ်ကျွန် ဘ၀မှ အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဤပိုစ့်လေးနှင့် အတူ ဆုတောင်းပေးလိုက်ပါတယ် ...

rose of sharon said...

ကိုမင်းကိုနိုင်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို တကယ်ဘဲလေးစားပါတယ်

kiki said...

ဒူးမထောက်တဲ့  သူရဲကောင်းတဦးဖြစ်တဲ့  ကို မင်းကိုနိုင် နဲ့  အခြားသော အဖိနှိပ်ခံ မတရားမိန့် ခံနေကြသူများ အားလုံး အမြန်ဆုံး လွတ်ကင်းပါစေ ။ အန္တရာယ်ကင်း ဘေးရှင်းကြပါစေ လို့  ဆုတောင်းပေးပါတယ် ။

ဒီအချက်အလက်များကို စုစည်းဖေါ်ပြပေးတဲ့  ကိုပြည့်စုံကိုလည်း ကျေးဇူးတင်ပါတယ် ။

Unknown said...

true religion jeans, nike blazer, burberry, lululemon, nike free run uk, timberland, michael kors outlet, mulberry, north face, ugg boots, vanessa bruno, true religion outlet, michael kors, michael kors outlet, hermes, michael kors, michael kors outlet, coach purses, ray ban pas cher, abercrombie and fitch, ralph lauren uk, coach outlet, michael kors, hogan, nike air max, hollister pas cher, sac guess, nike roshe, michael kors, michael kors outlet, tn pas cher, michael kors outlet, coach outlet, hollister, replica handbags, converse pas cher, north face, burberry outlet online, vans pas cher, lacoste pas cher, ugg boots, ray ban uk, oakley pas cher, true religion jeans, nike air max, nike air max, new balance pas cher, air force, true religion jeans, kate spade handbags

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub