May 06, 2009

ကျေးဇူးအထူးတင်ရှိပါကြောင်း

Unknown | 3:53 PM |
ပို့စ်ကွန်မန့်မှာရော စီဘောက်မှာပါ အားပေးစကားပြောကြားပြီး ထပ်တူခံစားပေးကြသော

ထပ်တူထပ်မျှ ကြေကွဲခံစားပေးတဲ့ ၀သန်မိုး၊ ဘ၀ဆက်တိုင်း မိသားစုနဲ့ ဝေးကွာခြင်းမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးသော မကြီး မေတ္တာရောင်ပြန်၊ ထပ်တူခံစားပေးသော Ree Noe၊ ဘ၀တူတွေမို့ ထပ်တူစိတ်မကောင်းဖြစ်ပြီး အဆက်အသွယ် မပြတ်စေရန် အားပေးသော အမနန်းဝါ၀ါမောင်၊ အဝေးရောက်နေကြတဲ့ သားသမီးတွေအတွက် အရမ်းကြေကွဲစရာကောင်းပါတယ်ဆိုပြီး ထပ်တူထပ်မျှ ခံစားပေးသော Anonymous၊ အခုလို အဖြစ်ဆိုးတွေမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးသော အစ်ကိုအိမ်၊ သင်္ခါရတရားတွေအတွက် အသိတရား၊ မေတ္တာတရား ရေစဉ်တွေနဲ့အတူ ၀မ်းနည်းဆွေးပူမှုတွေကို ငြိမ်းချမ်းစွာနဲ့ လက်ခံနိုင်ဖို့ ဆုတောင်းပေးသော ညီမလေးKhinmarlaraung၊ သေပြီးသူအား သာဓုအပြည့်အ၀ခေါ်နိုင်ရန်အတွက် ပစ္စည်းလေးပါး လှူဒါန်းပေးဖို့ပြောကြားပေးသော အမညခင်း၊ ထပ်တူထပ်မျှခံစားပေးသော သူငယ်ချင်းhtike၊ အသက်ရှင်နေသရွေ့ကောင်းမှုကုသိုလ်လုပ်ပေးပါလို့ ထပ်တူ ၀မ်းနည်းကြေပေးသော ကိုဖြိုးဇာနည်၊ ကျနော့်အတွက် စိတ်မကောင်းဖြစ်ပြီးဖေဖေအတွက် ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးသော ကိုမြစ်ကျိုးအင်း၊ အဝေးရောက်သားသမီးတွေအတွက် ဘယ်လောက်ခံစားရမယ်ဆိုတာ ကိုယ်ချင်းစာရင်း အလှူအတန်းလုပ်အမျှဝေပေးဖို့ နားလည်ခံစားပေးသော မနွေးနေခြည်၊ ကျန်မာရေးဂရုစိုက်ဖို့ ပြောသောညီမဝေလေး၊ စိတ်မကောင်းမဖြစ်ဖို့ အားမငယ်ဖို့ ဖေဖေမရှိတော့ပေမယ့် မေမေရှိသေးကြောင်းပြောရင်း ဆုတောင်းပေးသွားသော မမေဒီဇာ၊ မေမေအတွက် အသက်ရှည်ကျန်းမာစေဖို့ ဖေဖေအတွက် ကောင်းကင်နိုင်ငံရောက်ပါစေလို့ ဆုတောင်းပေးသော ညီမchitpalone....

စီဘောက်မှာ အားပေးစကားပြောကြားပြီး ထပ်တူခံစားပေးကြသော

ညီလေးရေ မင်းရဲ့ အဖေ မြန်မာပြည်မှာ ဆုံးသွားတာကို သိလိုက်ရတဲ့အတွက် ညီလေးနဲ့အတူတူ ထပ်တူထပ်မျှ ၀မ်းနည်းရပါတယ်နော်။ လုံးဝ စိတ်မကောင်းဘူးကွာ ။ အဲဒါ ငါတို့တော်လှန်ရေးသမားတွေရဲ့ ပေးဆပ်မှု့တွေပဲပေါ့ညီရာ နော်။ လို့ထပ်တူကြေကွဲပေးသော ကိုကျော်ကျော်(အကောင်းဆုံးမြေသြဇာ)၊ ပထမဆုံးလာလည်ဖူးပြီး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်ဆိုပြီး ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးသွားသော ပန်းကလေး၊ ကိုယ်လုပ်တဲ့ ကောင်းမှုကုသိုလ်တိုင်းကို အဖေက်ု သတိတရနဲ့ အမျှပေးပါနော်လို့ပြောကြားအားပေးသော အမ မအေးမွန်...

အီးမေးလ်မှတဆင့် အားပေးစကားပြောပြီး ဆုတောင်းကြသော သူငယ်ချင်း ညီအစ်ကိုမောင်နှမများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်... ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့....

ရောက်ရာဘုံဘ၀ကနေ သာဓုခေါ်သံကြားနိုင်ပါစေ ဖေဖေ ...

ပြည့်စုံ (ဝေါသားလေး)

6 comments:

Anonymous said...

မောင်လေးရေ ... ဘ၀ဆိုတာ ဒီလိုပဲလေ။ ဆန္ဒနဲ့ ဘ၀ ထပ်တူမကျနိုင်တဲ့ လောကကြီးမှာ ဖြစ်လာသမျှကို ရင်ဆိုင်နိုင်ဖို့ ခွန်အားတွေ တို့မွေကတည်းက ပါလာပြီးသားပါ။ ကျန်ရှိနေသေးတဲ့ အချိန်မှာ ဒီလောကကြီးက ပေးသမျှ သင်ခန်းစာတွေကို လက်တွေ့ သင်ယူနိုင်ပါစေနော်။

ခင်မင်လျှက်
မကြီး

မဆုမွန် said...

ပြည့်စုံရေ...

ပြည့်စုံအဖေဆုံးတယ်ဆိုတဲ့ သတင်းလေးကို ကျွန်မ ညီမလေး ပြည့်စုံ ပြောလို့လဲ ကြားမိတယ် ကျွန်မကိုယ်တိုင်လဲ ကြားမိတယ်.

ကျွန်မတို့ ညီအစ်မတွေ အိမ်နဲ့ဖုန်းပြောလို့ အဖေ့အသံအတိမ်အနက် အတိုးအကျယ်ပေါ်မူတည်ပြီး အဖေ့ကျမ်းမာရေး စိတ်အနေအထားကို ခန့်မှန်းကြတယ် အဖေ့ကို အရမ်းချစ်တဲ့ သမီးနှစ်ယောက်စလုံး အဝေးရောက်နေချိန်မှာ အဖေတစ်ခုခုဖြစ်မှာ အရမ်းစိုးရိမ်ကြတယ်လေ..

ပြည့်စုံအဖေဆုံးတဲ့နေ့က အစ်မတို့ ညီအစ်မနှစ်ယောက်စလုံး တကယ့်ကို တော်တော် စိတ်မကောင်းဖြစ်မိပါတယ်..အားပေးစကားကို အခုမှ ပြောမိခဲ့တာ တောင်းပန်ပါတယ်နော်..ကိုပြည့်စုံလဲ အဖေ့အတွက် ကောင်းမူကုသိုလ်တွေ လုပ်ပေးနေမယ်ဆိုတာ ယုံကြည်ပါတယ် ကျွန်မတို့ ပေးလှူတဲ့ ဒါနတွေအတွက်လည်း အမျှဝေပါတယ်

ပြည့်စုံအဖေ ကောင်းရာ သုဂတိ လားပါစေ...လားရာသုဂတိမှာလည်း အေးချမ်းငြိမ်းအေးစွာ နေနိုင်ပါစေရှင်

pankalay said...

အခုလို တကူးတက ကျေးဇူတင်ကြောင်းပြောတဲ့ အတွက် ပန်းကလေး ကလည်းကျေးဇူတင်ပါတယ် ... အကို ဖေဖေ ကောင်းရာ သုဂတိ လားပါစေ .အကိုလည်း ကျန်မာပျော်ရွင်ပါစေ လို့ဆုတောင်းပေးလိုက်ပါတယ် .

မိုးခါး said...

အရောက်နောက်ကျသွားတယ်ဟယ်..
စိတ်မကောင်းပါဘူး..
ပြည့်စုံရဲ့ မေမေကျန်းမာ ချမ်းသာဖို့ ဆုတောင်းပေးပါတယ်..
ပြည့်စုံဖေဖေလည်း ကောင်းမွန်ရာဘုံဘ၀ကို ရောက်ရှိပါစေ .. အကိုလည်း ကောင်းမွန်ရာဘုံဝကို ရောက်ရှိပါစေ ..
အဆင်ပြေပါစေ .. အဆင်မပြေမှုတွေ အမြန်ဆုံးပြေလည်ပါစေ ..

Unknown said...

moncler, links of london, swarovski, doudoune canada goose, canada goose uk, ugg pas cher, pandora charms, louis vuitton, bottes ugg, moncler, swarovski crystal, karen millen, moncler, supra shoes, replica watches, pandora charms, sac louis vuitton pas cher, montre pas cher, moncler, canada goose, ugg,uggs,uggs canada, louis vuitton, canada goose outlet, thomas sabo, louis vuitton, moncler, pandora jewelry, louis vuitton, marc jacobs, ugg,ugg australia,ugg italia, canada goose, pandora jewelry, ugg boots uk, juicy couture outlet, moncler, canada goose outlet, wedding dresses, moncler outlet, moncler, hollister, juicy couture outlet, canada goose, canada goose, coach outlet, toms shoes

Anonymous said...

yeezy gap hoodie
jordans
nike sb dunk high
bape clothing
off white shoes
off white t shirt
off white t shirt
off white
jordan 12
pg shoes

ပြည့်စုံ © 2013. All Rights Reserved | Powered by:Blogger

Designed by:Windroidclub